Friday, June 29, 2007
My Free Time
Posted by
lusoe
at
2:55 AM
0
comments
ငွေ
လူသားတို့သည် သမိုင်းဦးဘုံမြေခေတ်ဝယ် ရောင်းဝယ်ဖောက်ကာရာ၌ ပစ္စည်းတစ်ခု နှင့်တစ်ခုလဲလှယ်ခြင်းဖြင့် ရောင်းဝယ် ဖောက်ကားကြသည်။ နောင်သောအခါ ပစ္စည်းတစ်ခုနှင့်တစ်ခု ညီမျှခြင်းမရှိသဖြင့် ငွေအဖြစ် သတ္တု၊ ကြေး၊ ခဲတို့ဖြင့် ဒင်္ဂါးသွန်း လုပ်ထုလုပ်လာကြသည်။ အဆိုပါ သတ္တု၊ ကြေး၊ ခဲတို့သည် လေးလံလှသဖြင့် ပေါ့ပါး ၍ သယ်ယူရလွယ်အောင် ဒင်္ဂါးအစားငွေ စက္ကူကိုတီထွင်သုံးစွဲလာကြသည်။
လူသားတို့သည် ငွေကိုတန်ဖိုးရှိ သည်ဟု သတ်မှတ်ကြသဖြင့် ငွေရရှိရေး အတွက် အပြိုင်အဆိုင်ကြိုးပမ်းကြသည်။ တချို့က ငွေဆိုတာ ဂုဏ်ခေါ်သည်ဟု ယူဆမှတ်ထင်ကြသဖြင့် ငွေရရှိရေးအ တွက်ဆိုလျှင် ကိုယ်ကျင့်သီလအပျက်ပြား ခံကာ သမာသည့်နည်းရော၊ မသမာသည့် နည်းပါ အသုံးပြု၍ရှာဖွေကြပါသည်။ ငွေ ရှိလျှင် မိမိလုပ်သမျှတင့်တယ်သည်ထင် သော သူတို့ကလည်း ငွေရရှိရေးအတွက် ဆိုလျှင် ဘနဖူးသိုက်တူးကြပါသည်။ အမျိုး ဘာသာသာသနာကိုပင် စောင့်ရှောက်ထိန်း သိမ်းမှုမရှိဘဲ ရှေးဟောင်းဘုရားဆင်းတု များကို နိုင်ငံခြားသို့ပို့ဆောင်ရောင်းချကြ ပါသည်။ ၀ံသာနုရက္ခိတစိတ်ဓာတ်ဖြင့် ကိုယ်အမျိုးသားချင်း ရိုင်းပင်းစောင့်ရှောက် ခြင်းမရှိဘဲ လူမှောင်ခိုကုန်ကူးခြင်းများပြု လုပ်ကြသည်။ တချို့က တစ်မျိုးသားလုံး လူညွန့်တုံးမှုအန္တရာယ်ကို သိလျက်နှင့်ပင် ဘိန်းကုန်ကူးခြင်းများ ပြုလုပ်ကြပါသည်။
ငွေအပေါ်လောဘဖက်သောအခါ ကုန်သည်ပွဲစားတို့ကလည်း ဘယ်သူသေ သေငတေမာလျှင်ပြီးရော သဘောထား ကာ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ဈေးကစား ခြင်းများပြုလုပ်ကြသည်။ သက်ဆိုင်ရာက မတော်လောဘဖက်သော ကုန်သည်ပွဲစား တို့အပေါ် မည်မျှဆုံးမပဲ့ပြင်လမ်းညွှန်သော် လည်း ငွေအတွက် လောဘဖက်နေသဖြင့် ငွေတစ်မျက်နှာကြောင့် အရာမထင်၊ အကျိုးမမြင်ဖြစ်ရသည်။ ငွေအတွက်လော ဘဖြင့် ဆေးဝါးအတု၊ အရက်အတု၊ အရောင်တင်မှုန့်အတုစသော အတုအမျိုး မျိုးပေါ်ပေါက်ကြရသည်။ ငွေအထွက်ငရဲ မကြောက်၊ သံသရာမကြောက်သင်္ကန်း အတုများပင် ရောင်းဝယ်ဖောက်ကားခြင်း ပြုကြသည်။
တချို့ကလည်း ငွေထက်ကိုယ်ကျင့် တရားကို အလေးထားကာ လျှာပေါ်မြက် ပေါက်ချင်းပေါက်ပါစေ။ မသန့်ရှင်းသော အစာကိုစားသုံးလိုသော ဆန္ဒမရှိပါချေ။ ဘုရားရှင်လက်ထက်မြတ်စွာဘုရား၏ လကျာ်ရံရှင်သာရိပုတ္တရာသည် ဆာလောင် ငတ်မွတ်လွန်း၍ ၀မ်းဗိုက်အတွင်းရှိအူများ အခွေလိုက်ခန္ဓာကိုယ်ပြင်ပသို့ မည်မျှထွက် ပါစေ။ မသန့်ရှင်းမစင်ကြယ်သော အစား ကိုမစားဟူသော ခံယူချက်ဖြင့် မိမိ၏ကိုယ် ကျင့်သီလသိက္ခာကို ထိန်းသိမ်းစောင့်ရှောက် ပါသည်။ ငွေရလျှင်ပြီးရောဟု သဘော ထားကာ သန့်ရှင်းသည်ဖြစ်စေ၊ မသန့်ရှင်း သည်ဖြစ်စေ သုံးစွဲပါက ငွေကလူကိုဒဏ် ခတ်မည်ဖြစ်ပါသည်။ မသန့်ရှင်းမစင်ကြယ် သော အစာအာဟာရက လူကိုစားပိုးနင့် စေမည်ဖြစ်ပါသည်။ တရားဥပဒေက လည်း ဒဏ်ခတ်ဆုံးမမည်ဖြစ်ပါသည်။
ငွေသည် မီးကဲ့သို့ပင် သုံးတတ်လျှင် မိတ်ဆွေဖြစ်စေပြီး မသုံးစွဲတတ်ပါက ရန်သူဖြစ်စေပါသည်။ ငွေကြေးချမ်းသာပါ က မိမိနိုင်ငံအတွက် လိုအပ်သော ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအ၀၀ ပရဟိတလုပ်ငန်းတွင် သုံးစေပါက မိတ် ဆွေဖြစ်ပါသည်။ ဓနကြယ်ဝသော နိုင်ငံက ဆင်းရဲနွမ်းပါးသော တတိယနိုင်ငံငယ်များ အပေါ် ထောက်ပံ့ပါက ငွေသည်လူတို့အ တွက် မိတ်ဆွေဖြစ်ပါသည်။ ငွေကြေးချမ်း သာပါက အင်အားနည်းသော နိုင်ငံအ ပေါ်ဓနအားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ ဗိုလ် ကျခြင်း၊ နျူးကလီးယားလက်နက်တီထွင် စမ်းသပ်ခြင်းဖြင့် ကမ္ဘာကြီးကိုခြိမ်းခြောက် ခြင်းအစရှိသော အဖျက်လုပ်ငန်းများပြု လုပ်ပါက ထိုသူတိုပလက်ဝယ် ဓနအင် အားရှိခြင်းက ငွေသည်လူတို့အတွက် ရန်သူဖြစ်စေပါသည်။
လူသားတို့သည် စားဝတ်နေရေးအ တွက် ငွေကိုမရှာမဖြစ် ရှာဖွေရမည်ဖြစ်ပါ သည်။ ထိုသို့ရှာဖွေရာ၌ ငွေမျက်နှာတစ်ခု တည်းမကြည့်ဘဲ မိမိနိုင်ငံ၊ မိမိလူမျိုးဂုဏ် သိက္ခာ၊ မိမိ၏ကိုယ်ကျင့်တရားကို ကြည့် ရှုရမည်ဖြစ်ပါသည်။ ငွေမျက်နှာထက် အမှန်တရားမျက်နှာကိုရှေ့ရှုလုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိမိတစ် ဘ၀ချမ်းသာကြယ်ဝရေးထက် သံသရာအ ကျိုးကို ရည်မျှော်ပြီး သမ္မာအာဇီဝနည်းဖြင့် သန့်ရှင်းစင်ကြယ်စွာ ငွေကိုရှာဖွေသုံးစွဲ သင့်ပါသည်။
လူသားတိုင်းငွေကို ထိုသို့ရှာဖွေသုံး စွဲပါက လူနှင့်လူဘောင်လောကငြိမ်းချမ်း သာယာဝပြောစိုပြေ မည်မှာ မြေကြီးလက် ခတ်မလွဲဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။
( လင်းငွေရည် )
၎င်းပို.စ်ကို www.planet.com.mm မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
( ကူယူဖော်ပြခြင်းမှာ အခြားရည်ရွယ်ချက်မရှိဘဲ စာဖတ်သူအားလုံး ဗဟုသုတ ရစေသော အလို.ငှာ ဖော်ပြ ခြင်းဖြစ်ပါသည်။ )
Posted by
lusoe
at
2:32 AM
0
comments
ဆရာတော် ဦးဇောတိ က၏ ကောက်နှုတ်ချက်များ
နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်၊ သင်ခန်းစာတိုင်းဟာ
စာမေးပွဲ၊ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။
ဘ၀ကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ် ဆိုရင် သတိလေးနဲ့
နေလိုက်ပါ။ ဘ၀ဟာ ရှင်းလာပါလိမ့်မယ်။ စိတ်ရှင်းရင် ဘ၀ ရှင်းတယ်၊
စိတ်ရိုးရင် ဘ၀ ရိုးတယ်၊ စိတ်ရှုပ်ရင် ဘ၀လည်း ရှုပ်လာမယ်၊
စိတ်ဆန်းပြားရင် ဘ၀လည်း ဆန်းပြားလာမယ်။
စိတ်ရှင်းရင် ဘ၀လည်း ရှင်းပါတယ်၊ အသိညဏ်လည်း ရှင်းပါတယ်၊
စိတ်မရှင်းရင် ဘ၀လည်း မရှင်းဘူး၊ အသိညဏ်လည်း မရှင်းဘူး။
စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့
အဓိက ထားပြီး ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း
လူအထင်ကြီး ခံရဖို့ အဓိကထားရင် ဟန်လုပ်ပြီးနေပြရတယ်။
အဲ့ဒါ ဘ၀ စာမေးပွဲကို ခိုးဖြေနေတာပဲ။
ဘ၀ကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
လေကာကြီးကို အထိရောက်ဆုံးနဲ့ အကျိုးပြုချင်ရင် ၊ အေးချမ်း
တည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် ၊ ကိုယ့်အချိန်တွေကို
အထိရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း အချိန်တိုင်း ၊
တစ်ခဏတိုင်း တစ်ခဏတိုင်း သတိလေးနဲ့ နေလိုက်ပါ။
ဘ၀ကို အနှစ်သာရ အပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်၊ လောကကြီးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင်၊ အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် ကိုယ့်အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း အချိန်တိုင်း တစ်ခဏတိုင်း သတိလေးနဲ့ နေလိုက်ပါ။
ကိုယ့်ဘ၀ကို စည်းကမ်းရှိရှိ ဖြောင့်ဖြောင့်သွားချင်ရင် ကိုယ့်စိတ်ကို ကိုယ်သိအောင် လုပ်ရမယ်။ ၀မ်းနည်းဝမ်းသာ အဖြစ်နည်းပြီး ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ဆုံးဖြတ်ရမယ်။
လူတိုင်းလူတိုင်း ဘ၀တစ်ခုလုံးမှာ နေ့စဉ်နဲ့ အမျှရွေးချယ်မှု့တွေ လုပ်နေရပါတယ်။ ရွေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့ လိုပါတယ်။
အလုပ်ဟာ လူ့ဘ၀မှာ အင်မတန်အရေးကြီးတယ်။ “ ဒါကို လုပ်ဖို့ ငါ လူဖြစ်လာတာပါ ” လို့ပြောနိုင်လောက်တဲ့ အလုပ်က ဘယ်အလုပ်လဲ။ ကိုယ့်ဘ၀မှာ တကယ်အရေးပါတဲ့ ကိစ္စတွေကို စိတ်မပါပဲ လုပ်နေရတယ် ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိတဲ့လူ ကိုယ့်ကိုယ်ကို သစ္စာမရှိတဲ့သူ ဖြစ်နေတယ်။
ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာပါ။
ကိုယ့်ရဲ့ အကောင်းဆုံး အမြင့်ဆုံး အရည်အသွေးတွေကို အများဆုံးထွက်ပေါ်လာအောင် လုပ်နေရတာ ကြိုးစာနေရတာဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပါပဲ။
ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်စာစာ မနေပါနဲ့၊ ကြိုးစားပါ ၊ အရည်အချင်းများများထုတ်ပါ။ အရည်အချင်းများများထွက်လေ ကျေနပ်မှု့ ရလေလေပဲ။
လူမှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိပါတယ်။ အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိအများကြီးရှိပါတယ်။ အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးရမှ အဲ့ဒီလူဟာ ဘ၀ကို ကျေနပ်မှု့ရမယ်။
စိတ်ရဲ့ အရည်အသွေးမြင့်မားလာရင် ဘ၀ရဲ့ အရည်အသွေးမြင့်မားလာတယ် ၊ ဘ၀ဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှု့ပဲ။
ဘ၀ရဲ့ အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့ အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ် ၊ ဘ၀ရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။
အလေးနက်ဆုံး အသိညဏ်က ဘ၀နဲ့ ပတ်သတ်တဲ့ အသိညဏ်ပဲ။
ဘ၀ကို နောက်ဆုံးအချိန်ထိ အဓိပ္ပါယ် ရှိရှိဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်။ အဲ့ဒီလို မသိလို့ရှိရင် အသက်ကြီးသွားတဲ့ အခါကြာလေ အသုံးမကျလေ ဖြစ်လာတယ်။ ကြာလေ အဓိပ္ပါယ် မရှိလေ ဖြစ်လာတယ်။
သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်မှာသာ လူ့ဘ၀ကို အောင်အောင်မြင်မြင် နေသွားတဲ့သူလို့ ဆိုနိုင်မယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်း ကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ့ ဘ၀ ဖြစ်မှာပါ။
ဘ၀ဖြစ်လာတာဟာ အသိညဏ်ရဖို့ ၊ အသိညဏ်ရဖို့ဆိုရင် စိတ်ဓါတ်မြင့်မားမှု့ ၊ စိတ်ဓါတ် မြင့်မြတ်မှု့ရှိမှ ဖြစ်နိုင်မယ်။
ဘ၀ တစ်ခုလုံးဟာ ကျောင်းပဲ။ မွေးတဲ့ အချိန်က စပြီး သေတဲ့ အချိန်အထိ ကျောင်းနေနေတာပါ။ ဒီဘ၀မှာ တွေ့ကြုံ ရသမျှ ကိစ္စတွေနဲ့ မြင်သမျှ ၊ ကြားသမျှ ကောင်းတာရော ၊ ဆိုးတာရော ၊ တစ်ခု မကျန် အားလုံးဟာ သင်ခန်းစာချည်းပဲ။ ယူတတ်ရင် ပညာနဲ့ အသိညဏ် ရတယ်။ ယူတတ်ဖို့ ဆိုတာလည်း အသိရှိမှ ဖြစ်မယ်။ မေ့တိမေ့လျော့နေရင်တော့ ပညာမရဘူး။ အသိညဏ်မရဘူး။
ဒီပို.စ်လေးကို www.planet.com.mm မှ ကူးယူဖော် ပြထားခြင်းဖြစ်ပါသည်။
Posted by
lusoe
at
2:18 AM
0
comments
Wednesday, June 20, 2007
စိတ်တော့အညစ်သား
Posted by
lusoe
at
11:12 PM
0
comments
Saturday, June 9, 2007
Caricature

Caricature ပန်ချီပညာဆိုတာ ဘာမှန်းတော့ ကျွန်တော်လည်း မသိဘူးဗျ .. Master Guiter မှာဆိုလို.ရတယ်လို.တော့ ကြားတယ်ဗျ .. စောင့်ရတာ တော့ မတက်တာဘူးတဲ့ .. တစ်မျိုးတော့ ကြည့်လို. ကောင်းတယ်နော် .. ၀ါသနာပါရင်တော့ သွားဆွဲကြည့် ကြပါအုံး .. အခမဲ့အကျိုးဆောင်တော့ မဟုတ်ဘူးနော်.. ကြေငြာပေးတာပါ.. ကိုယ့်မူရင်းပုံကို တစ်မျိုးလေး မြင်ဘူးတာပေါ့ဗျာ .. ဟုတ်ဘူးလား..
Posted by
lusoe
at
5:13 PM
0
comments
Monday, November 20, 2006
ဒီလိုရှိပါတယ်
Posted by
lusoe
at
4:34 PM
0
comments
Sunday, November 19, 2006
Friday, November 17, 2006
မျက်ရည်သောက်တဲ့လူ
နေ့ စဉ် နေ့ တိုင်း အ ကြိမ် ကြိမ်
ရေ သောက် ကြ ပါ တယ်
ရေ သောက် တိုင်း ရေ သောက် တိုင်း
ရေ အိုး ထဲ မှာ ရှိ တဲ့ ရေ
ရေ ခွက် ထဲ မှာ ရှိ တဲ့ ရေ ကို
ကြည့် ပြီး တော့...
သြော်..သံ သ ရာ တစ် လျှောက်
ငါ ကျ ခဲ့ တဲ့ မျက် ရည် တွေ ဟာ
ဒီ ရေ အိုး ထဲ က ရေ ထက် .. ဒီ ရေ ခွက် ထဲ က ရေ ထက်
အ ဆ ပေါင်း များ စွာ များ လှ ပါ လား..
သံ သ ရာ တစ် လျှောက် ငါ ကျ ခဲ တဲ့ မျက် ရည် တွေ ကို
ငါ သောက် နေ ရ ပါ လား..
အဲ ဒီ လို လေး များ တစ ချက် လောက်
ဆင် ခြင် နှ လုံး သွင်း လိုက် မယ် ဆို ရင်
သောက် လိုက် တဲ့ ရေ နဲ့ အ တူ
မိ မိ တို့ ရဲ့ နှ လုံး သား ထဲ ကို
သံ ဝေ ဂ စွမ်း အား တွေ
စီး ဆင်း ပြီး တော့ သွား ပါ လိမ့် မယ်..
ကြမ် ဖန် များ လာ ပြီ ဆို တော့ မိ မိ အ သွေး သား တွေ ဟာ
သံ ဝေ ဂ ဓါတ် တွေ နဲ့ ထုံ မွမ်း ထား တဲ့
အ သွေး အ သား တွေ အ ဖြစ် နဲ.
မြင့် မြတ် စွာ ဖြစ် တည် နေ တော့မှာ ပါ ဘဲ...
( ဒီ စာ အုပ် လေး ကို ဒါ န ပြု ပေး သော အစ် မ ခိုင် လေး ကို လည်း ဒီ နေ ကျေး ဇူး တင် လိုက် ပါ တယ် ဗျာ )
Posted by
lusoe
at
5:44 PM
0
comments
Labels: poem
Friday, November 10, 2006

Posted by
lusoe
at
3:09 AM
0
comments
Labels: poem


